Death Note 2006

Death Note 2006

Oct. 04, 2006
Your rating: 0
10 1 vote

Creator

Creator

Cast

Mamoru Miyano isLight Yagami (voice)
Light Yagami (voice)
Noriko Hidaka isNear (voice)
Near (voice)
Nozomu Sasaki isMello (voice)
Mello (voice)

Synopsis

ကျွန်တော်တို့ကိုအမြဲအားပေးလျက်ရှိတဲ့ ပရိသတ်ကြီးတို့အတွက် အခုတစ်ခါမှာလည်း တစ်ခေတ်တစ်ခါကအရမ်းကိုအောင်မြင်ခဲ့တဲ့ anime ဇာတ်လမ်းလေးတစ်ပုဒ်တင်ဆက်ပေးဖို့စီစဥ်ထားပါတယ်ခင်ဗျ။၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ Manga စတင်ထွက်ရှိလာခဲ့ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာတော့ အပိုင်း ၃၇ ပိုင်းပါ စီးရီးလေးတစ်ခုကိုစတင်ထုတ်လွှင့်ခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကိုကြည့်ဖူးသူတွေလည်းရှိသလို မကြည့်ရသေးတဲ့ပရိသတ်တို့ကလည်း ကြားတော့ကြားဖူးကြမယ်ဆိုတာကျိန်းသေပါတယ်။ကြည့်နေတဲ့ပရိသတ်ကို အတွေးပေါင်းမြောက်များစွာနဲ့ တဖြည်းဖြည်းချင်းစီဇာတ်လမ်းထဲစီးမြောအောင်လုပ်နိုင်လောက်တဲ့ အမိုက်စားဇာတ်အိမ်မျိုးတည်ဆောက်ထားတာပါ။

✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎

ဇာတ်လမ်းအကျဥ်း
လူသားတွေဟာမွေးဖွားလာပြီးရင် တစ်နေ့တော့သေဆုံးကြရတာပါပဲ။ဒါပေမဲ့ သေဆုံးပုံသေဆုံးနည်းတော့ကွာခြားလှပါတယ်။ဘာလို့ဆို ဘယ်နည်းဘယ်ဖုံသေဆုံးရမယ်ဆိုတာဟာ သေမင်း​တွေရဲ့အလိုကျဖြစ်လို့ပါ။သေမင်းကမ္ဘာကြီးမှာ နေထိုင်ကြတဲ့သေမင်းတွေဟာ လူသားတို့ရဲ့သေခြင်းတရားကိုစာအုပ်တစ်အုပ်နဲ့ဆုံးဖြတ်ပေးကြရပါတယ်။Death Note လို့ခေါ်တဲ့ စာအုပ်ထဲမှာသေဆုံးရမဲ့သူရဲ့ နာမည်နဲ့သေဆုံးရမဲ့ပုံကိုရေးသားလိုက်တာနဲ့ ထိုသူဟာ စက္ကန့် ၄၀ အတွင်းသေဆုံးရပါတယ်။သေမင်းတွေရဲ့အလုပ်ဟာ ဒီစာအုပ်လေးပေါ်နာမည်ရေးရုံပါပဲ။ တစ်နေ့တော့ Ryuk ဆိုတဲ့သေမင်းဟာ စာအုပ်ပေါ်နာမည်ရေးရုံသာလုပ်ရတဲ့ သေမင်းကမ္ဘာကြီးမှာပျင်းတာကြောင့် Death Note ကိုလူ့လောကဆီ ပစ်ချလို်က်ပါတော့တယ်။လူသား​တွေသာဒီ Death Note ရောက်သွားရင် ဘာတွေများဖြစ်မလဲဆိုပြီး စိတ်ဝင်တစားကြည့်ချင်တာကြောင့်ပေါ့။ Light Yagami ဆိုတဲ့အထက်တန်းကျောင်းသား​လေးဟာ အရမ်းကိုဉာဏ်ကောင်းတဲ့ လူတော်လေးတစ်ယောက်ပါ။Light ဟာအမြဲလိုလို အတွေးပေါင်းမြောက်များစွာကိုတွေးနေတတ်တဲ့လူမျိုးပေါ့။အရာရာကိုသေချာစဥ်းစားတွေးတောပြီးမှသာ ဆုံးဖြတ်ချက်ချတတ်တဲ့ ဉာဏ်ပြီးရှင်ပါ။တစ်နေ့တော့ ကောင်းကင်ပေါ်ကနေ ကျောင်းဝန်းထဲကိုစာအုပ်တစ်အုပ်ပြုတ်ကျလာတာကိုမြင်ခဲ့ပါတယ်။ဒါနဲ့ စာအုပ်ကိုသွားကောက်တဲ့အခါမှာတော့ Death Note လို့ရေးထားပြီး အသုံးပြုပုံနဲ့ သက်ရောက်ပုံတွေကိုအသေးစိတ်ဖော်ပြထားတာကိုတွေ့ပါတော့တယ်။ဒါပေမဲ့ ဉာဏ်ကြီးရှင် Light ကအယုံမလွယ်သူပီပီ စာအုပ်ကိုသေချာအောင်စမ်းသပ်ကြည့်လေရဲ့။စာအုပ်ထဲကအတိုင်း တကယ်သက်ရောက်တာကို တွေ့သွားတဲ့အခါတော့ Light ဟာဒီစာအုပ်ကိုအကျိုးရှိအောင်သုံးဖို့ရည်ရွယ်ပြီး ရာဇဝတ်သားတွေကိုသတ်ပစ်ဖို့လုပ်ပါတော့တယ်။ တစ်ဘက်မှာလည်း ရာဇဝတ်သား ၁၀၀ ကျော်လောက်တစ်ချိန်တည်းသေဆုံးသွားတာကြောင့် နိုင်ငံ အသီးသီးကအာဏာပိုင်တွေခေါင်းခဲကုန်ကြတော့တာပေါ့။တချို့ကလည်း ရာဇဝတ်သားတွေကိုသတ်ပေးတဲ့အတွက်ထောက်ခံသလို တချို့ကလည်း လူသတ်တာနဲ့ပတ်သတ်ပြီးမလိုလားကြပါဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့ အာဏာပိုင်တွေဟာ L လို့ခေါ်တဲ့စုံထောက်တစ်ဦးကို ဒီဖြစ်ရပ်တွေစုံစမ်းဖို့တာဝန်ပေးခဲ့ပါတယ်။L ဆိုတာကတော့ ကမ္ဘာပေါ်ကအခက်အခဲဆုံးအမှုတိုင်းကိုဖြေရှင်းပေးခဲ့သူ​ဖြစ်ပြီး သူမဖြေရှင်းနိုင်တဲ့အမှုမရှိဟုပင် နိုင်င့ံခေါင်းဆောင်တွေသတ်မှတ်ထားရသူပါ။ဒီလိုနဲ့ Ryuk ဆိုတဲ့သေမင်း ပျင်းပျင်းနဲ့ပစ်ချလိုက်တဲ့စာအုပ်လေးတစ်အုပ်ကစလိုက်တဲ့ဇာတ်လမ်းလေးဟာဆိုရင်. . .ကဲ ပရိသတ်ကြီးတို့ရေ အရမ်းကောင်းတဲ့ဇာတ်လမ်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ

۞۞۞۞۞۞۞۞۞۞۞۞
𝚂𝚝𝚞𝚍𝚒𝚘 – 𝐌𝐚𝐝𝐡𝐨𝐮𝐬𝐞
𝙴𝚙𝚒𝚜𝚘𝚍𝚎 – 𝟑𝟕
𝚆𝚛𝚒𝚝𝚎𝚛 – 𝐓𝐨𝐬𝐡𝐢𝐤𝐢 𝐈𝐧𝐨𝐮𝐞
𝙶𝚎𝚗𝚛𝚎 -𝐒𝐮𝐩𝐞𝐫𝐧𝐚𝐭𝐮𝐫𝐚𝐥,𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥
𝚂𝚞𝚋𝚝𝚒𝚝𝚕𝚎 – 𝐌𝐲𝐚𝐧𝐦𝐚𝐫
𝚃𝚛𝚊𝚗𝚜𝚕𝚊𝚝𝚎 – TLP
𝙴𝚗𝚌𝚘𝚍𝚎 – Mekadotoji
𝚁𝚎𝚟𝚒𝚎𝚠 – 𝐋𝐢𝐧𝐇𝐭𝐞𝐭
✵✵✵✵✵✵✵✵✵✵✵✵✵✵✵✵✵

Download

Episode 01 – VIP / YoteShin / SteamSB / MegaUP / MEGA / Userdrive

Episode 02 – VIP / YoteShin / SteamSB / MegaUP / MEGA / Userdrive

Episode 03 – VIP / YoteShin / SteamSB / MegaUP / Userdrive

Episode 04 – VIP / coming soon

Episode 05 – VIP / coming soon

Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Death Note 2006
Original title DEATH NOTE
TMDb Rating 8.7 2,706 votes
First air date Oct. 04, 2006
Last air date Jun. 27, 2007
Seasons 1
Episodes 37
Average Duration 22 minutes

Similar titles

Demon Slayer: Kimetsu no Yaiba – Yuukaku-hen
Ghost in the Shell: SAC_2045-2020
Date a Live (IV)2022
Fullmetal Alchemist-2003
Dragon Ball Super2015
Naruto Shippūden 2007
Clannad2007
Naruto Kid -2002
SPY x FAMILY 2022
One-Punch Man2015
Attack on Titan Final Season Part 2
Blast of Tempest2012